မန္တလေးမြို့ခံ တိုင်း သိရှိတဲ့ မန္တလေးမြို့ရဲ့သမိုင်းမှာ အကြီးဆုံးသော မီးလောင်မှုဖြစ်ရပ်ကို
၁၉၈၄ ခု၊ မတ်လ ၂၄ ရက်နေ့ စနေနေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်မှာ ၈၄ လမ်း ၃၅ လမ်းနှင့် ၃၆ လမ်းကြား ဦးကျားကြီးဝင်း ဦးခင်မောင်ဝင်း+ဒေါ်အုန်းရင်နေအိမ်မှ ကူရှင်ချုပ်ရန် ထားရှိတဲ့ အုန်းဆံဖတ်ကနေ စတင်လောင်ကျွမ်းခဲ့တဲ့မီးကြီးဟာ မန္တလေးမြို့နယ် သုံးမြို့နယ်ကို လောင်ကျွမ်းခဲ့ပါတယ်။ ဒီနေ့ဆိုရင် ၃၄ နှစ်ပြည့်ပါပြီ။
၁၉၈၄ ခု၊ မတ်လ ၂၄ ရက်နေ့ စနေနေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်မှာ ၈၄ လမ်း ၃၅ လမ်းနှင့် ၃၆ လမ်းကြား ဦးကျားကြီးဝင်း ဦးခင်မောင်ဝင်း+ဒေါ်အုန်းရင်နေအိမ်မှ ကူရှင်ချုပ်ရန် ထားရှိတဲ့ အုန်းဆံဖတ်ကနေ စတင်လောင်ကျွမ်းခဲ့တဲ့မီးကြီးဟာ မန္တလေးမြို့နယ် သုံးမြို့နယ်ကို လောင်ကျွမ်းခဲ့ပါတယ်။ ဒီနေ့ဆိုရင် ၃၄ နှစ်ပြည့်ပါပြီ။
မှတ်မှတ်ရရ အဲ့ဒီနေ့က တပေါင်းလပြည့်ကျော် ၈ ရက်၊ စနေနေ့ ရွှေစာရံပွဲတော်နောက်ဆုံးနေ့မို့ မြို့ထဲမှာ လူသွားလူလာရှင်းတယ်။ အိမ်မှာပျင်းနေတာနဲ့ အဖေတို့နဲ့အတူ ကျောက်မီးရွာအနီးရှိ ပုဂံခေတ်မင်းရှင်စော မြို့ဟောင်းလေ့လာရေး လိုက်သွားဖို့ အိမ်ကနေစက်ဘီးစီးထွက်ခဲ့တော့ ကားထွက်သွားလို့ မမှီပဲကျန်ခဲ့တယ်။ အဖေနဲ့အတူ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ ဦးဝင်းမောင် (တမ္ပဝတီ) နဲ့ ဦးစိန်မြင့် (ပန်းချီ) တို့ပါတယ်။
မီး.. မီး.. လို့အရပ်ထဲ အော်သံတွေကြားလို့ ထွက်ကြည့်မိတော့ တောင်အရပ်ဖက်က မီးခိုးလုံးကြီးတွေ အလိပ်လိုက်တက်လာတာ တွေ့ရတယ်။ မကြာခင် ဓာတ်ဆီပုံး ပေါက်ကွဲသံတွေ တရစပ်ကြားရပြီး ဧရိယာသုံးဆလောက် ကြီးမားလာတာကို တွေ့ရတယ်။
မီးမထိမ်းနိုင်တော့ဘူးဆိုတဲ့ သတင်းတွေလဲကြားလာရတော့ ဝေးပေမဲ့ လေအောက်အရပ်ဖက်ဖြစ်တဲ့ ရပ်ကွက်တွေမို့ ပြေးကြဖို့ပြင်ကြရတယ်။ ၁၉၈၁ မီးဒဏ်ကို ခံစားထားရတာ မကြာသေးတာမို့ ရပ်ကွက်တွေအကုန်လုံး သယ်နိုင်သမျှပစ္စည်းတွေ သယ်ယူကြပြီး နန်းရှေ့ဖက်ကိုပြေးကြရတယ်။
တစ်မြို့လုံး အော်ဟစ်ငိုယိုသံတွေ၊ လူပျောက်ရှာကြသူတွေ၊ သခင်ရှာရင်း လမ်းပျောက်နေတဲ့ တိရိစ္ဆာန်လေးတွေ၊ အချို့လဲ မီးထဲတိုးဝင်းရင်း သူ့အိမ်ဟောင်းရှိရာကို သွားနေကြတယ်။ ကမ္ဘာပျက်တဲ့အလား မမေ့နိုင်စရာ နေ့တစ်နေ့ပါပဲ။ မွေးကင်းစကလေးတွေနဲ့ ကြောင်သားအမိကို ကယ်တင်ရင်းကားပေါ်ခေါ်တင်လာခဲ့တာ အိမ်မှာ သူတို့မျိုးဆက် ငါးဆက်လောက်အထိ ရှင်သန်ခဲ့တယ်။
ညနေပိုင်းစောစောက စလောင်တဲ့မီးက ည ၁၀ နာရီတိတိမှ မီးညွန့်ကျိုးသွားတယ်။ အိမ်ထောင်စုပေါင်း ၄၅၈၀ စု၊ လူဦးရေ ၂၂၃၁၆ ဦး မီးဘေးသင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြတယ်။ မီးစတင်လောင်ကျွမ်းချိန်ကနေ နှစ်နာရီအတွင်း အရှိန်အဟုန်ပြင်းပြင်းနဲ့ မြို့ရဲ့အဓိကရပ်ကွက်ကြီးတွေကို လောင်ကျွမ်းခဲ့လို့ မိသားစုတွေတော်တော်များများ ဘာမှသယ်ယူချိန်မရလိုက်ကြဘူး။
အချို့လဲ ရွှေစာရံပွဲရောက်နေကြတော့ ပြန်ရောက်တဲ့အချိန် အိမ်ကပြာကျနေပြီ။ ဒီလိုပြာပုံဘဝထဲကနေ မန္တလေးသူ၊ မန္တလေးသားတွေ ဇွဲ၊ လုံ့လ၊ ဝိရိယအပြည့်နဲ့ ကြိုးစား နှိုးထခဲ့ကြရတာကိုတော့ လေးစားအသိအမှတ်ပြုရမယ်။
ဒီဓာတ်ပုံလေးကတော့ မြို့ဟောင်းကနေ ဈေးချိုစုရပ်ရောက်ရောက်ချင်း အဖေမှတ်တမ်းတင်ထားတဲ့ပုံပါ။ တိုက်တန်းကြီးနဲ့ ဈေးချိုတော်ကို ခြိမ်းခြောက်နေတဲ့ မီးညွန့်ဟာ ရုတ်တရက်တိုက်ခတ်လာတဲ့ အနောက်လေကြောင့် အရှေ့မြောက်ဖက်ကို ရောက်သွားခဲ့ရလို့ အများကြီးကံကောင်းခဲ့ရတယ်။ မဟုတ်ရင် ပြန်လည်နိုးထဖို့ခက်ခဲပြီး မြို့ရဲ့အနေအထား အချိုးအပြောင်းဟာ တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ဘဝမှာ အမှတ်ရစရာ အဖြစ်တွေထဲကတစ်ခုပါပဲ။
ဓာတ်ပုံ / နတ်မောက်ထွန်းရှိန်
crd to orginal uploader
မန္တလေးမြို့ သမိုင်းမှ အကြီးမားဆုံးသော မီးလောင်မှု
Reviewed by Digital BOX
on
1:51 PM
Rating:
No comments: