banner image

Ads

banner image

How to Create Content Planner?

မိတ်ဆွေတို့ Content Planner ရေးဆွဲဖူးပါသလား?

Content Writer တွေ, Company တွေမှာ အလုပ်ဝင်နေတဲ့ Digital Marketer တွေ အတွက် Content Calendar နဲ့ Planner ကတော့ မရှိမဖြစ်လိုအပ်ပါလိမ့်မယ် ။
အခု ကျွန်တော်တို့ လက်ဆောင်ပေးမယ့် Plan Template နဲ့ info တွေကို သုံးပြီး Plan တစ်ခုဆွဲမယ်ဆို မိတ်ဆွေတို့ Customer တွေ အထက်လူကြီးတွေ ကြိုက်မယ်ဆိုတာ အာမခံပါတယ်
ဘယ်နေ့မှာ ဘာရေးမယ် ၊ ဘယ် Page အတွက် ဘာပိုစ်ရေးပေးရမယ် ၊ ဟိုpage က promotion အတွက် ဘနှရက်ကြိုပြင်ဆင်ရမယ် စတဲ့ အချိန်ဇယားကို Content Calendar အဖြစ်သတ်မှတ်ပြီး Planner ကတော့ Detail Digital Channels , Post's types, Responsible personပါရမယ် , Posting time, Budget plan တွေ,Seasonal Days တွေ Holiday တွေ စတာတွေကို ထည့်သွင်းရေးဆွဲရပါတယ် ။
Plan တစ်ခုမှာ မပါမဖြစ်(၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ် ။ စာပုဒ်အဆုံးမှာလဲ Template download link ထည့်ပေးထားပါတယ်။
1. Audiences ကို သေချာသိပါစေ
ကိုယ်ကြေငြာပေးရမယ့် Products,Service ကို သုံးစွဲသူတွေဟာ ဘယ်မှာရှိလဲ အရင်လေ့လာပါ ။ ကိုယ်က စပြီး တည်ဆောက်ရမယ်ဆိုရင် ကိုယ့် marketing team နဲ့ ပေါင်းစပ် research ပြုလုပ်ပါ ။
2. Channels ရွေးချယ်ပါ
Facebookကို မပါ မဖြစ် သတ်မှတ်ပါ ။ပြီးမှ လုပ်ငန်း Audiences ပေါ် မှုတည်ပြီး အခြား Channel သတ်မှတ်ပါ ။
Admin နှစ်ရှည်လများလုပ်ခဲ့ရတဲ့ လုပ်ငန်းတခုနဲ့ ဥပမာပေးရမယ်ဆိုရင် Decoration လုပ်ငန်းတစ်ခုအတွက် ရေးဆွဲပေးတဲ့ Content planner မှာ facebook,Blogspot နဲ့ Pinterest ကို ရွေးချယ်လိုက်ပါတယ် ။ ၆လလောက် Run ပြီးတဲ့နောက် Promote တစ်ခုမှ မလုပ်ဘဲ Post တင်ရုံနဲ့ Customer ရလာပါတယ် ။
3.Post Types သတ်မှတ်ခြင်း
ကျွန်တော်တို့ အမြဲတမ်းရောင်းနေလို့မဖြစ်ပါဘူး။
ဒါကြောင့် ကျွန်တော်တို့ Plan ထဲမှာ Engagement ရစေမယ့် လုပ်ငန်းနယ်ပယ်က အခြားသောအကြောင်းအရာများကိုထည့်သွင်းရေးဆွဲပါ ။ Trand ကိုလဲ လုပ်ငန်း Theme မပျောက်အောင် ထည့်သွင်းပါ ။
4.Keywords
မိတ်ဆွေတို့ ရေးဆွဲထားတဲ့ Plan တိုင်းမှာ Keywordsဆိုတဲ့ အလွယ်ပြောရရင် Facebookအသုံးပြုသူ​တွေ ရှာတတ်တဲ့ စကားစုလေးတွေကို ထည့်သွင်းရေးသားဖို့ မမေ့ပါနဲ့ ။
5.Post Building
ဆွဲဆောင်မှုရှိသော ခေါင်းစဉ်မျိုးကို စဉ်းစားရေးဆွဲပါ ။
စာသားရှည်နေပါစေ ဆွဲဆောင်မှုရှိအောင်ရေးသားပါ ။
စာအဆုံးမှာ Service Property နဲ့ အဆုံးသတ်ပါ ။
Post တင်မယ့်အချိန်ကို ထည့်သွင်းရေးဆွဲပါ။
6. Free Boosting
Budget plan ကို လုပ်ငန်းမှာ ချပေးသည့်အတိုင်း ထိရောက်မည့် post တိုင်းကို အသုံးပြုပါ ။ Post တိုင်းကို သတ်တိုင်ရာ Audiences များရှိသော Groupများထဲကို Admin ခွင့်ပြုချက်ဖြင့် Share ပေးပါ ။ ဒါဟာ Organic Reach တတ်စေပါတယ် ။
Facebook page Story ကိုပါ ထည့်သွင်းရေးသားပါ ။
Plan ထဲမှာ
What is?
How do we?
Where can you get?
စတဲ့ Funnel အဆင့်ဆင့်ကို လုပ်ငန်းservice နှင့် ပေါင်းစပ်ရေးသားပါ။
ဒါတွေအားလုံးကို
" ဒီလ ဘယ်နှခု ရောင်းကိုရောင်းရမယ် ''(Eg.) ဆိုတဲ့ Target တစ်ခု သတ်မှတ်ပြီးထည့်သွင်း​ရေးသားပါ ။
အားလုံးဘဲ အဆင်ပြေကြပါစေ ။
Share ပေးပါလို့ မတောင်းဆိုပါဘူး ။ 😁
Digital Box - Digital Marketing Service
Phone - 09785026269
Email - digitalboxmm@yahoo.com
Blog - www.digitalboxmm.blogspot(.)com
Content Strategy ရေးဆွဲနည်း ( ၁)
Content Strategy ရေးဆွဲနည်း ( ၂)
(Download our content planner here)
စာပိုဒ်အဆုံးမှာပါတယ်ဆိုလို့ စာမဖတ်ဘဲ ဒေါင်းဖို့ အဆုံးကိုကျော်လာတာလား
How to Create Content Planner? How to Create Content Planner? Reviewed by Digital BOX on 9:02 PM Rating: 5

No comments:

Powered by Blogger.