Mozilla Firefox အသုံးပြု နေသူများ အနေဖြင့် Tab တွေကို ပိတ်မိပြီးတဲ့ အခါမှာ ပြန်လည် ဖွင့်နိုင်ရန်အတွက် Undo Close Tab ကိုအမြဲ အသုံးပြုကြမှာပါ။ Undo Close Tab တွေဟာ တစ်ခါတစ်ရံ Firefox Browser မှာ Disable ဖြစ်နေ တတ်ပါတယ်။ Disable ဖြစ်နေသူတွေ အနေနဲ့ကတော့ အောက်ဖော်ပြပါ နည်းလမ်း တွေအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Firefox Browser မှာ Undo Close Tab Option ပိတ်နေသူတွေကို ပြန်လည်ပြင်ဆင် ပေးနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် Firefox ရဲ့ Configuration Settings ကနေ တစ်ဆင့် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Firefox Configuration Settings ကနေ ပြင်ဆင်ရန်အတွက် ဖော်ပြပါ နည်းလမ်းအတိုင်း အဆင့်တစ်ဆင့် ချင်းစီလိုက်လံ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Firefox Browser ကနေ Undo Close Tab Option ကို ပြန်လည် ဖွင့်ဖို့အတွက် ပထမဦးဆုံး Firefox Browser ကိုဖွင့်ရမှာ ဖြစ်ပါတယ်။ Firefox Browser ကိုဖွင့်ပြီးပြီဆိုရင် Browser Address Bar မှာ about:config ဆိုတာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ about:config ထဲကို ရောက်သွားပြီဆိုရင် Undo Close Tab Option အတွက် Settings ကို ရှာရမှာ ဖြစ်ပါတယ်။
နောက်အဆင့်ကတော့ Undo Close Tab Option ကို ဖွင့်ဖို့အတွက် Browser ရဲ့ ဖိုင်နှစ်ဖိုင်ကို ပြင်ဆင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြင်ဆင်ပေးရမယ့် ဖိုင်တွေကတော့ -browser.sessionstore.max_tabs_undo
browser.sessionstore.max_windows_undo
browser.sessionstore.max_windows_undo
ဆိုတဲ့ ဖိုင်တွေပဲ ဖြစ်ပါတယ်။ အဆိုပါ ဖိုင်တွေကို Search Box မှာရိုက်ထည့်ပြီး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဖိုင်တွေကို တွေ့ပြီဆိုရင် browser.sessionstore.max_tab_undo မှာတန်ဖိုးကို ၁၀ ပေးရမှာဖြစ်ပြီး Browser.sessionstore.max_windows_undo မှာ ၃ ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Browser ကို Restart လုပ်ပေးလိုက်ရင် Undo Close Tab မှာ Enable ဖြစ်နေတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။
Undo Tab Disable ဖြစ်သည့် Firefox Browser ကို Enable ပြန်လည် ပြုလုပ်ခြင်း
Reviewed by Digital BOX
on
10:23 AM
Rating:
No comments: