banner image
Ads
banner image
unicode==>
Boost လုပ်ရာတွင် အများဆုံးမှားတတ်သော အမှား (၃)ခု
 ကျွန်တော်တို့ နေ့တိုင်း boost ကြတယ်။ Campaign တွေ run ကြတယ် ။ ဒါပေမယ့် အကြောင်းကြောင်း ကြောင့် အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတဲ့ ကိစ္စလေးတွေက ကျွန်တော်တို့ result တွေကို ထိခိုက်နိုင်ပါတယ်။
Boosting again and again
အရင်တစ်ကြိမ် ဒီ Post ကို Boost ခဲ့စဉ်က ကိုယ့် Product ရောင်းရလို့၊ ကိုယ့် Brand လူသိလို့ ဒီPost ကိုဘဲ နောက်တစ်ကြိမ် ထပ် Boost ဖို့ စဉ်းစားမိကြမှာပါ။ Boost လဲ Boost ခဲ့ကြမှာပါ။
ပြန် boost တဲ့အခါ ပထမတကြိမ်ထပ် result နည်းတာတွေ့ရပါလိမ့်မယ်။
ဒါကြောင့် Post အသစ်ပြန်တင်ပြီး Ads Design photo ပြောင်းလဲတင်ပြီးမှ Boost စေချင်ပါတယ်။
သတ်မှတ်ချက် မှားယွင်းခြင်း
=> Valentine day ကျော်တာတောင် valentine day ads တွေ  သင့် newfeed မှာ မြင်နေရသေးတာလား
=> သတ်မှတ်ထားတဲ့ Promotion ရက်ကျော်နေတာတောင် ads တွေ newfeed မှာ တွေ့နေရတုန်းလား
=> ကျောင်းက ဖွင့်ပြီး အပ်ရမည့် ရက်ကျော်သွားတာကို ads တွေ newfeed မှာ တွေ့နေရတုန်းလား ။
ဒါဆိုသေချာပါတယ် သူတို့တွေ ဒေါ်လာ လှူနေတာပါ။ တချိုု့ ကတော့  lifetime နဲ့ daily အလွယ်လေး ရွေးခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
Same Target ပြန်လည်အသုံးပြုခြင်း
ကျွန်တော်တို့ Audience အသစ် သတ်မှတ်ဖို့ အချိန်မရှိတဲ့အခါ အရင်က သတ်မှတ်ထားတဲ့ Target Audience ကို ပြန်သုံးကြပါတယ် ။
တစ်ခါ နှစ်ခါ လောက်ထိ အဆင်ပြေပေမယ့် Frequently use လာတဲအခါ Reach သိသိသာသာ ကျလာတာကို သတိထားမိကြမှာပါ ။
ဒါကြောင့် Audience ကို ၂ကြိမ် အသုံးပြုပြီးတိုင်း ပြန်လဲ စမ်းစစ်ပြီး အသစ်ဖန်တီးပါ ။ Estimate reach နည်းပေမယ့် အသုံးဝင်ပုံ အတူတူဘဲဆိုတာ တွေ့ရပါလိမ့်မယ်။
==============================================================
Bonus
Text Weight
Text Weight များသော ပုံကို အသုံးပြုပြီး Boost လုပ်ခြင်းကOrganic Reach ရော Paid Reach ပါ ကျနိုင်ပါတယ်။
Sexual Content များခြင်း
ဒီ Content က အရမ်းအန္တရာယ်များပါတယ်။ Ads acc ကို disable ဖြစ်နိုင်ပါတယ်။
Aesthetics page ကိုင်တဲ့ marketer တွေ သတိထားသင့်ပါတယ်။
ယခုလို အဆုံးထိ ဖတ်ရှုပေးတဲ့ ကျေးဇူးရှင်များကို ကျေးဇူးတင်ရှိပါတယ်။
Digital Box - Digital Marketing Service
Phone - 09785026269
digitalboxmm@yahoo.com
www.digitalboxmm.com
Zawgyi Code ==>
==============================================================
Bonus
Text Weight
Phone - 09785026269
www.digitalboxmm.com
Boost လုပ်ရာတွင် အများဆုံးမှားတတ်သော အမှား (၃)ခု Boost လုပ်ရာတွင် အများဆုံးမှားတတ်သော အမှား (၃)ခု Reviewed by Digital BOX on 1:21 PM Rating: 5
No comments:
Powered by Blogger.