banner image

Ads

banner image


Unicode == >

✧  Facebook Page Role များနှင့် လုပ်ပိုင်ခွင့်များအကြောင်း  ✧သင်သိပြီးပြီလား ?
          ကျွန်တော်တို့  Page တွေကို Agency ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက်ယောက်ကို handle လုပ်ဖို့ Role add တော့မယ်ဆိုရင် ဘယ် Role ပေးရမလဲဆိုပြီး တွေးနေရတယ်မလား ။ တစ်ခါတစ်လေ ဖြစ်တတ်သေးတယ်  နင်ကဘာ Role ၊ ငါကျ ဘာRole ဘဲ ပေးတယ်ဆိုပြီး။ ဒီ ပိုစ်ကို ဖတ်ပြီးသွားရင် ဘယ်လိုလူကို ဘယ်Role ပေးသင့်လဲနားလည်သွားမှာပါ။
       အရင်ကတင်ပေးဖူးပေမယ့် အခုchanges လေးတွေရှိလို့
ထပ်တင်ပေးတာ ဖြစ်ပါတယ်
         ကျွန်တော် ဒီပိုစ်မှာ facebook page role တွေ အကြောင်းကို ရှင်းပြပေးပါမယ်။
အကြီးဆုံးကနေ အရင်စမယ်........
⤍ Administor
  Page တစ်ခုထောင်တဲ့ သူက ဒီ Role ကိုရရှိမှာ ဖြစ်ပြီး အခြားသူတွေကိုလဲ ဒီ Roleတင်ပေးနိုင်ပါတယ်။
ဘယ်လိုလုပ်ပိုင်ခွင့်တွေရမလဲဆိုရင် ဒီ Roleက အကုန်လုံးရပါတယ်။ 
1.အခြားသူကို Role ထပ်ပေးခြင်း နှင့် Page creator ကို  Role ပြန်ဖြုတ်နိုင်ခြင်း။
2.Page infoများ ပြင်နိုင်ခြင်း။
3.Post အသစ်တင်နိုင်၊ဖျက်နိုင်ခြင်း။
4.Message များပို့နိုင်ခြင်း။
5.Commentများကို ဖျက်နိုင်ခြင်း။
6.Page မှာ fb user များကို Ban နိုင်ခြင်း။
7.ကြေငြာ ဖန်တီးခြင်း။
8.ရလဒ်များကြည့်ရှုခြင်း။
9.Post,comment နဲ့ message များကို မည်သူကိုင်တွယ်ခဲ့သည်ကို ကြည့်နိုင်ခြင်း။ 
စတာတွေကို Page Creator or Admin တွေ လုပ်ပိုင်ခွင့်ရကြပါတယ်။
⤍ Editor
    သူက အခြားသူကို Role ထပ်ပေးခြင်း နှင့် Page creator ကို  Role ပြန်ဖြုတ်နိုင်ခြင်း မလုပ်နိုင်တာကလွဲလို့ ကျန်တာ admin နဲ့ လုပ်ပိုင်ခွင့်တူပါတယ်။
⤍ Moderator
   ဒီ Role က လုပ်ပိုင်ခွင့်မှာ Editor ထပ် တဆင့်လျော့ပါတယ်။
Message ပို့တာ ၊ Comment ဖျက်တာ၊Page မှာ user တွေကို Ban တာ၊
ads boost တာ၊insight ကြည့်တာနဲ့ Post,comment နဲ့ messageကို ဘယ်သူ တင်ခဲ့လဲ စတာတွေကြည့်နိုင်ပါတယ်။
⤍ Advertiser
    သူက လုပ်ပိုင်ခွင့်နည်းပါတယ်။ads boost တာ၊insight ကြည့်တာနဲ့ Post,comment နဲ့ messageကို ဘယ်သူ တင်ခဲ့လဲ ၊ ဒါတွေဘဲ လုပ်နိုင်ပါတယ်။
နောက်ဆုံး Role က ⤍  Analyst
     သူကတော့ လုပ်ပိုင်ခွင့်အနည်းဆုံးပါ။ insight နဲ့ Page Publish ဘဲ ကြည့်နိုင်ပါတယ်။
နောက် Job manager , Live Contributor စတဲ့  Role တွေလဲ Page activity အလိုက်ပေါ်တတ်ပါတယ်။
ဒီလောက်ဆို ဘယ်သူ့ကို ဘယ် Role ပေးသင့်လဲဆိုတာ နားလည်မယ်လို့ ယူဆပါတယ်။ Role နဲ့ ပတ်သတ်တာ တစ်ခုခုလုပ်တိုင်း Password အမြဲ ထည့်ရပါတယ်။
comment မှာ မှတ်ရလွယ်အောင် ဇယားကွက်လေး ထည့်ပေးထားပါတယ်။
သင့်အတွက် ဗဟုသုတ တစ်ခု ရတယ်ဆိုရင် ဒီပိုစ်လေးကို  Share ပေးခဲ့နိုင်ပါတယ်။
Digital Box - Digital Marketing Service
Phone - 09785026269
digitalboxmm@yahoo.com
www.digitalboxmm.com

Zawgyi ==>
⤍ Administor
7.ကြေငြာ ဖန်တီးခြင်း။
⤍ Editor
⤍ Moderator
⤍ Advertiser
Phone - 09785026269
www.digitalboxmm.com
Facebook Page Role များနှင့် လုပ်ပိုင်ခွင့်များအကြောင်း Facebook Page Role များနှင့် လုပ်ပိုင်ခွင့်များအကြောင်း Reviewed by Digital BOX on 1:15 PM Rating: 5

No comments:

Powered by Blogger.