banner image

Ads

banner image

"လူသိနည်းသော သိသင့်တာလေးများ"

ဒါလေးတွေကတော့ အင်တာနက်ပေါ်ကနေ ဖတ်မိတာလေးတွေပါ။ ဘယ်သူစုဆောင်းထားတာလည်းဆိုတာ အတိအကျတော့ မသိပါဘူး။ အားလုံးသိစေဖို့ ပြန်ရှယ်လိုက်ပါတယ်။
(၁) သင့်ရဲ့ ဖိနပ်တွေဟာ လူတွေကသင့်ကို မသိလိုက်မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေဖြစ်ပါတယ်။ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကိုဝတ်ဆင်ဖို့ လိုအပ်ပါတယ်။
(၂) အကယ်လို့ သင်က တစ်နေ့ကို ၁၁နာရီထက်ပိုထိုင်နေရမယ်ဆိုရင် နောက်၃နှစ်အထက် အသက်သေဆုံးဖို့ ၅ဝ%ရှိပါတယ်။
(၃) ဒီကမ္ဘာပေါ်မှာ သင်နဲ့ ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ယောက်လောက်ရှိနေပါတယ် သင့်ဘဝတစ်လျှောက်လုံးမှာ သူတို့ထဲက တစ်ယောက်နဲ့ ဆုံဆည်းဖို့ ၉%အခွင့်အရေး ရှိနေပါတယ်။
(၄) ခေါင်းအုံးမပါပဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့်ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်။
(၅) လူ့ဦးနှောက်က သတိမပြုပဲ မနေနိုင်တဲ့အရာသုံးမျိုးရှိပါတယ်...အဲဒါတွေကတော့ အစားအစာ 'ဆွဲဆောင်မှုရှိတဲ့သူတွေနဲ့'ဘေးအန္တရာယ်တို့ဖြစ်တယ်။
(၆) ညာသန်တွေဟာ အစားအစာကို ညာဘက်မှာ ဝါးတာများတယ်။
(၇) လက်ဖက်ခြောက်ကိုအိတ်နဲ့ ထည့်ပြီး အနံ့ဆိုးတဲ့နေရာတွေမှာထားရင် အဲဒီအနံ့ဆိုးတွေကို လက်ဖက်ခြောက်က စုပ်ယူသွားလိမ့်မယ်။
(၈) အိုင်းစတိုင်းရဲ့အဆိုအရ ပျားရည်ထုတ်ယူနိုင်တဲ့ ပျားမျိုးတွေ ဒီကမ္ဘာမြေပြင်ပေါ်က ပျောက်ကွယ်သွားမယ်ဆိုရင် လူသားတွေလည်း ၄နှစ်အတွင်း သေဆုံးသွားကြလိမ့်မယ်။
(၉) ပန်းသီးမျိုးကွဲပေါင်း အများအပြားရှိတယ် တစ်နေ့ကိုတစ်မျိုးစားမယ်ဆိုရင် အမျိုးအစားအားလုံးကုန်ဖို့ အနှစ်၂ဝကျော်ကြာလိမ့်မယ်။
(၁ဝ) အစာမစားပဲ နေမယ်ဆိုရင် ရက်သတ္တပတ်နဲ့ချီပြီး သင် အသက်ရှင်နေနိုင်မယ်'မအိပ်ပဲနေမယ်ဆိုရင်တော့ ၁၁ရက်ပဲ သင်အသက်ရှင်နေနိုင်မယ်။
(၁၁) အားပါးတရ ရယ်တဲ့သူတွေဟာ သိပ်မရယ်တဲ့ သူတွေထက် ကျန်းမာရေးပိုကောင်းတယ်။
(၁၂) ပျင်းရိခြင်းနဲ့ လှုပ်ရှားတက်ကြွမှုမရှိခြင်းကြောင့် သေဆုံးရသူတွေဟာ ဆေးလိပ်သောက်လို့ သေဆုံးရသူ အရေအတွက်လောက်ရှိတယ်။
(၁၃) လူသားရဲ့ဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏဟာ Wikipedia ထဲမှာပါတဲ့ အချက်အလက်ရဲ့ ၅ဆရှိတယ်။
(၁၄) ကျွန်တော်တို့ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်ဟာ ၁ဝ ဝပ် မီးသီးက သုံးတဲ့စွမ်းအင်နဲ့တူတယ်။
(၁၅) ကျွန်တော်တို့ ခန္ဓာကိုယ်က ထုတ်ပေးနိုင်တဲ့အပူဟာ မိနစ် ၃ဝအတွင်း ၁လီတာခွဲရှိတဲ့ ရေကို ဆူနိုင်တဲ့အထိရှိတယ်။
(၁၆) သားဥဟာ လူသားရဲ့ အကြီးဆုံးဆဲလ်ဖြစ်ပြီး သုတ်ကောင်ဟာ အသေးဆုံးဆဲလ်ဖြစ်တယ်။
(၁၇) အစာချေရည်ဟာ သင်တုံးဓားသွားကို အရည်ပျော်စေနိုင်လောက်အောင် ပြင်းတယ်
(၁၈) ပြုံးပါ......အပြုံးဟာ အထိရောက်ဆုံး စိတ်ကျရောဂါကာကွယ်ဆေးဖြစ်တယ်...
_______________________________________
Ref: သုတကမ္ဘာ...ဒိုက်ဒိုက်-မြင်းခြံ
"လူသိနည်းသော သိသင့်တာလေးများ" "လူသိနည်းသော သိသင့်တာလေးများ" Reviewed by Digital BOX on 5:58 PM Rating: 5

No comments:

Powered by Blogger.