ကြောင်နဲ့ ကြွက် ဇာတ်လမ်းကို အမေရိကန်နိုင်ငံမှာ William Hanna
နှင့် Joseph Barbera တို့နှစ်ယောက်က ၁၉၄၀ မှာ စတင်ဖန် တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်း တိုလေးများဟာ နှစ်တွေ အတော် ကြာနေပေမယ့်လည်း ဘယ်အချိန် ပြန်ကြည့်ကြည့် ကလေးရော လူကြီးပါ ကြည့်ကောင်းစေအောင် ဖန်တီးထားပါတယ်။
ကြောင်နဲ့ ကြွက် ဇာတ်လမ်းဟာ အလွန်အောင်မြင် ခဲ့ပြီးတော့ အကယ်ဒမီပေါင်း ၇ ဆုကို ဆွတ်ခူးနိုင်ခဲ့သော ဇာတ်လမ်းတိုလေး
များလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွေ တစ်ခုနဲ့ တစ်ခု မတူညီအောင် ဖန်တီးပုံဖော်ထားပြီး မည့်သည်လူမဆို ကြည့်လိုက်တိုင်း ဟာသဆန်စွာ
ရယ်ရွှင်ဖွယ်ကောင်းမွန်စေပါတယ်။
ဒါကြောင့် ဘယ်အချိန်ကြည့်ကြည့် မရိုးတဲ့ ဇာတ်ကားတွေထဲမှ ကြောင်နဲ့ ကြွက် ဇာတ်လမ်းလေးကတော့ တစ်ခုအပါအဝင်ပါ။ အခြားသော ကာတွန်းကား အသစ်သစတွေ ဘယ်လောက်ထွက်ထွက် ကြောင်နဲ့ ကြွက်ကားလေးကတော့ နောက်ကျမသွားပါဘူး။ ကြောင်နဲ့ ကြွက်ဇာတ် ကားလေးဟာ ကလေးတွေ နှစ်သက်စရာ လူကြီးတွေ ရယ်စရာ ဇာတ်ကားလေးလည်း ဖြစ်ပါပေတယ်။

ဘယ်အချိန်ကြည့်ကြည့် မရိုးတဲ့ ကြောင်နဲ့ကြွက်
Reviewed by Digital BOX
on
1:50 PM
Rating:
No comments: