Facebook page မှာ ဘယ်လိုပို့စ်အမျိုးစားတွေတင်သင့်လဲ (၂) ?
Facebook မှာ Customerတွေ စိတ်ဝင်စားမှုပိုရအောင် ဘယ်လို ပိုစ် အမျိုးတွေတင်ကြမလဲ၊
Live လွှင့်မယ်
ဒါကတော့ ကိုယ့်ရဲ့ Audiences တွေနဲ့ ရင်းနှီးမှုကို တည်ဆောက်ဖို့အတွက် အရမ်းအရေးကြီးပါတယ် ။ Live လွှင့်ပြီး မဲဖောက်ပေးတာ ၊ စကားပြောပေးပြီး ကိုယ့် Service /ပစ္စည်းအကြောင်းဆွေးနွေးတာ စသဖြင့်ပြုလုပ်နိင်ပါတယ်
ဟာသလေးတွေ တင်ကြမယ်
ကိုယ့်ရဲ့ Audiences တွေအတွက် ရံဖန်ရံခါမျိုးမှာ လုပ်ငန်းနဲ့ပတ်သတ်တဲ့ ဟာသလေးတွေတင်ပေးသင့်ပါတယ်။ဒါကလဲ မသိသာတဲ့ Information ပေးခြင်းပါ။ Troller များရဲ့ meme ပုံတွေအသုံးပြုတင်ခြင်းဖြင့်လဲ ကိုယ့်ပရိတ်သတ်ကို စွဲဆောင်နိုင်ပါတယ်။
လုပ်ငန်းရဲ့ နောက်ကွယ် လုပ်ဆောင်ချက်များတင်ပေးခြင်း
သင်က စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ Page ထောင်ထားတယ်ဆိုပါစို့။ဒါဆိုရင် ဘယ် Menu က ဘယ်ကောင်းတယ် ဘာညာတင်တာတွေကို ခနနားပြီးတော့ နောက်ကွယ် Kitchen က သန့်ရှင်းသပ်ရပ်မှုတွေပြမယ်၊ နောက် ဟင်းလျာတွေ ချက်ပြုတ်နေတာကို Live လွှင့် စသဖြင့် Audiencesများမှ ယုံကြည်မှုကိုတည်ဆောက်နိုင်ပါတယ် ။
Promotion & Discount လုပ်မယ်
မိုးတွင်း/သင်္ကြန်/သီတင်းကျွတ် လျော့ဈေးတွေလို မလုပ်ဘဲ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်လုပ်သင့်ပါတယ်။ အရောင်းပိုစ်တင်မယ် Shareပြီး Screenshot ပြန်cmt ပေးခိုင်းမယ် နောက်ပြီး Likeအနည်းဆုံးရတဲ့ comment ပိုင်းရှင်ကို တဝက်လျော့ပေးမယ် စသဖြင့်ပြုလုပ်ခြင်းဖြင့် Post Reach နဲ့ Engagement ပိုရစေပါလိမ့်မယ် ။ နောက်တခုက Review ရေးခိုင်းပြီး Discount % ပေးခြင်းတွေလုပ်တိုင်နိင်ပါတယ်။
Audiences တွေကို မေးမယ်
ကျွန်တော် စစချင်းပြောခဲ့သလို Faecbook page မှာ ကိုယ်တင်ချင်တာဘဲ တင်နေလို့မဖြစ်ပါဘူး။ကိုယ့် Audiences ပရိတ်သတ်တွေ ဘာကြိုက်တတ်လဲ သိဖို့လိုပါတယ်။အဲ့တော့ မေးလိုက်ပါ ဘာကြိုက်တတ်လဲ ဘာလိုပစ္စည်းမျိုးတွေကြိုက်ပြီး ပိုတင်သင့်သလဲ စသဖြင့်မေးမြန်ကြည့်ပါ။ ရလဒ်နဲ့ ကိုယ် Ads result တွေကိုအခြေခံပြီး ပြန်လည်ကြေငြာနိင်ပါတယ်။
Facebook page မှာ ဘယ်လိုပို့စ်အမျိုးစားတွေတင်သင့်လဲ (၂) ?
Reviewed by Digital BOX
on
10:28 AM
Rating:
No comments: