banner image

Ads

banner image

Facebook page မှာ ဘယ်လိုပို့စ်အမျိုးစားတွေတင်သင့်လဲ (၁) ?

Facebook page မှာ ဘယ်လိုပို့စ်အမျိုးစားတွေတင်သင့်လဲ (၁) ?


ဒီနေ့ ကျွန်တော်တို့ Customer တွေ မေးလေ့ရှိတဲ့
"ဦးတို့ Page မှာ ဘာတွေတင်သင့်လဲ ၊အစ်ကိုတို့ facebook မှာ ဘာလေးတွေ တင်ပေးရင်ကောင်းလဲ " မေးခွန်းလေးတွေအတွက် အကြံပြု ဖြေကြားပေးပါတယ်။
ကျွန်တော်တို့တွေ အမြဲ မြင်နေကျ TV ကြေငြာတစ်ခုကို ခနခနတွေ့ရတာမျိုး ၊ ကားမောင်းရင်းဖြစ်ဖြစ် ၊ YBS ပေါ်မှာဖြစ်ဖြစ် FM ကလာတဲ့ ကြေငြာသီချင်းသံတစ်ခုကို ခနခန ကြားတဲ့အခါ ဘယ်လိုခံစားရလဲ ? ငြီးငွေ့ ရိုးအီးသွားပြီး ကြေငြာတဲ့ Brand name ကိုသာ မှတ်မိမယ်၊ အချက်လက်တွေနားထောင်းဖို့စိတ်ဝင်စားမှာမဟုတ်ပါဘူး။
ဒီလိုပါဘဲ ကျွန်တော်တို့ Page တွေမှာ တင်နေကျပိုစ်မျိုးတွေ၊အရေးသားတွေ နဲ့ တစ်လ နှစ်လ တင်ပါများလာတဲ့အခါ ကိုယ့် Page ရဲ့ Audience တွေ ဘယ်လို ဖြစ်မလဲ စဉ်းစားမိလားဗျ။
ကိုယ့်page မှအမြဲတမ်း ကိုယ်တင်ချင်တာဘဲ တင်နေမယ့် အစား ကိုယ့် Audiences , Customers တွေက ဘယ်လို အရာ ၊ ဘယ်လိုပိုစ်မျိုးတွေကို ကြိုက်နှစ်သက်လဲဆိုတာ အလေးထားသင့်ပါတယ်။ ဒါကို တခြား Digital Marketer အစ်ကိုတွေ ၊ အစ်မတွေလဲ ပြောကြပါတယ်။
ဟုတ်ပြီး ဒါဆို ကျွန်တော် ပြောပြပါမယ်................
👉 ကိုယ့်စီးပွားရေးနယ်ပယ်က အခြားဗဟုသုတတွေ တင်ပေးမယ် !
ဒီအကြံက ကိုယ့်လုပ်ငန်းကို အကျိုးအများကြီးပြုပါတယ်။ ကျွန်တော်တို့လုပ်ငန်းက " ဆေးဆိုင် " တစ်ခုဆိုပါစို့ ။ ဒါဆို ဘာတင်မလဲ။ ဆေး/ကျန်းမာရေးနယ်ပယ်ထဲက ဖြစ်တဲ့ အတွက် ဆေးဘဲ တင်ရောင်းနေမယ့်အစား
- နေအရမ်းပူရင် ဘာတွေ ဆောင်/ရှောင်သင့်သလဲ ?
- -ဘလိုဖြစ်တဲ့အခါ ဘာစားသောက်သင့်ပြီး ဘယ်လို အိမ်တွင်းဖြစ်ဆေးဝါးကို သုံးသင့်လဲ
စသဖြင့် ကျန်းမားရေဗဟုသုများကို မျှဝေသင့်ပါတယ်။
👉 ဈေးရောင်းနည်းပြောင်းကြည့်မယ် !
ဒါကတော့ ကိုယ့် Customer ရဲ့ စိတ်ဝင်စားမှုကို ပိုမို ခံရဖိုအတွက် နည်းလမ်းပါ။ ပုံမှန်စာတွေဖွဲ့နွဲ့ပြီးရေးသားတင်နေတာကို ခဏ ရပ်လိုက်ပါ။ 3rd wall, 4wall ဖောက်ပြီး ပြောတဲ့ ပုံစံမျိုးဖြင့် ပိုစ်တင်ပါ။ Social Media Marketing အသုံးနှုန်းရပြောရမယ်ဆိုရင် ကိုယ့် Customer newfeed ပွတ်နေရင်း Newfeed ပွတ်ကို ရပ်သွားအောင် ပြုလုပ်မယ့် ပိုစ်ပါ။
"" Free ရယူလိုက်ပါ" စသဖြင့်ပေါ့ ။စာကြောင်းအဆုံးမှ ebook or Deliverey fee free ပေးမယ့်အကြောင်းထည့်ရေးပါ။
👉နာမည်ကြီး အထင်ကရ ပုဂ္ဂိုလ်များရဲ့ အဆိုမိန့်များတင်ပါ !
Daily Quote ပါ။ဒါက ကိုယ်ရော ကိုယ့် Audiencesအတွက်ပါ အကျိုးရှိစေမယ့် Postပါ။ ကိုယ့်လုပ်ငန်းနယ်ပယ်နဲ့ ဆိုင်တဲ့ Post မျိုးဆို ပိုကောင်းပါတယ် ။
ဒီနေ့တော့ ခေါင်းစဉ် (၃)ခုနဲ့ ရပ်လိုက်မယ်။ မနက်ဖြန် ဘယ်လို အထာကျကျနဲ့ ပိုစ်တင်မလဲဆိုတာ ထပ်ပြောပြပေးမယ်။ 
Facebook page မှာ ဘယ်လိုပို့စ်အမျိုးစားတွေတင်သင့်လဲ (၁) ? Facebook page မှာ ဘယ်လိုပို့စ်အမျိုးစားတွေတင်သင့်လဲ (၁) ? Reviewed by Digital BOX on 10:25 AM Rating: 5

No comments:

Powered by Blogger.