Zawgyi Font ==>
( ၁ ) Show yourself
( ၂ ) Dance in Color
Phone - 09890437172
www.digitalboxmm.com
Unicode ==>
Live Streaming Viewer တိုးစေဖို့ ဒီ ( ၃ )ချက်အတိုင်း လုပ်ကြည့်ပြီးပြီလား ?
၂၀၁၈ နှစ်လယ်လောက်ကစပြီး Online Shopping တော်တော်များများဟာ
Video Live နဲ့ ရောင်းချလာတာကိုတွေရပါတယ်။ ၂၀၁၉ july မတိုင်ခင် , thruplay မသတ်မှတ်ခင်အထိ တော်တော်အလုပ်ဖြစ်ကြပါတယ်။ viewer တွေလဲ အတော်အသင့်ရကြတာတွေ့ရပါတယ်။
ဂိမ်း live streaming တွေ , trainer တွေရဲ့ Speech Video တွေ , ထူးခြား စမ်းပြား video တွေ eg. Pop Ent တွေကလွဲရင် နောက်ပိုင်း Long Live , Short Live တွေမှာ Viewer တွေကျသွားတယ်ဆိုတာ online shopping သမားတွေအသိဆုံးဖြစ်မှာပါ။
ကျွန်တော် ဒီပိုစ်မှာ facebook ကို ဂရုမစိုက်ဘဲကိုယ်တိုင် ဖန်းတီယူရမယ့် Video Live အတွက် ပြင်ဆင်သင့်တဲ့ အချက် ( ၃ ) ကိုပြောပြချင်ပါတယ်။
Youtuber တစ်ယောက် TED မှာပြောသွားတဲ့ အချက်ဆိုလဲ မမှားပါဘူးခင်ဗျ.....
( ၁ ) Show yourself
Fronzen II ထဲက သီချင်းနာမည်တော့ မဟုတ်ပါဘူးဗျ။ ဘယ် online shopping က admin ဘဲ live နဲ့ရောင်းရောင်း အားလုံးက လှလှပပ ပြင်ဆင်ပြီးမှ ရောင်းကြပါတယ်။
ဒီလိုပြောတဲ့ ပြီးစလွယ် လုပ်ခိုင်းတာမဟုတ်ပါဘူး။ ကိုယ်ရောင်းမယ့်ပစ္စည်း ကို ကိုင်ထားရင်း ၊ သုံးနေရင်း ၊ ဝတ်နေရင်း မတ်တက် ဖုန်းလက်နဲ့ကိုင်ပြီး စိတ်ထဲရှိရာပြောဆို ရောင်းခြင်းက သင့် Page က Audience တွေကို အမြင်တမျိုးရရှိစေပြီး viewer နှုန်းတိုးပါလိမ့်မယ်။ Result ကောင်းတာလဲ တွေ့ရပါတယ်။
( ၂ ) Dance in Color
ဈေးရောင်းတဲ့အခါမှာ အနီးနားမှာ အရောင်တောက်တောက် ပစ္စည်းများထားပါ။ အနီ ၊ ခရမ်း ၊ လိမေမာ် စတဲ့ အရောင်တောက်ပြီး ထင်းတဲ့ နေရာ မှာ live လွှင့်ပါ။
( ၃ ) Create Formula for your live
Video မစခင်မှာ သင်ရဲ့ ဈေးရောင်းတဲ့ Live ကို ဘာကြောင့်ကြည့်သင့်လဲဆိုတဲ့ post အရင်တင်ပါ ။
သင်ရောင်းတဲ့ ပစ္စည်းအကြောင်းတင်မဟုတ်ဘဲ အရောင်းအဝယ်နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေ ၊ Video ခန့်မှန်ကြားချိန်နဲ့ Live streaming နေတဲ့အချိန်မှာ Take way ပေးမယ့် အစီစဉ်တွေ ၊ရောင်းမည့် ပစ္စည်း list ပါထည့်ရေးပါ။ သင် live video တိုင်းမှာ ဒီတိုင်း အစဉ်လိုက်ရောင်းမယ်ဆိုရင် သင့် Audiences တွေ နားလည်လာပြီး အချိန်တိုအတွင်း Viewer တိုးလာပါလိမ့်မယ် ။
Note for Live Streaming
သင် Live စတင်တိုင်း သင့် Page follower တိုင်းကို Noti ပြသပေးမှာ ဖြစ်ပါတယ် ။
Live ပြီးဆုံးပါက သင့် page story အဖြစ်ရှိနေမယ်ဆိုတာ သတိရပါ ။
သင် Instagram နှင့် ချိတ်ဆက်ထားပါက သင့် instagram မှာ Live stream ကို ပြသပေးမှာ ဖြစ်ပါတယ် ။
Facebook က သာမာန် စာသား Post တွေထပ်
Video တွေကို user newfeed မှာ ပိုမိုပြသပေးပါတယ် ။
ဒါကြောင့် live video တိုင်းက သာမာန် Video post ထပ် Reach ပိုရပါတယ်။
ယခုလို အဆုံးထိ ဖတ်ရှုပေးတဲ့ ကျေးဇူးရှင်များကိုလဲ ကျေးဇူးတင်ရှိပါတယ်။
Digital Box - Digital Marketing Service
Phone - 09890437172
digitalboxmm@yahoo.com
www.digitalboxmm.com
Reviewed by Digital BOX
on
2:14 PM
Rating:
No comments: