banner image

Ads

banner image

Tiktok Marketing

Tiktok မှာ ဈေးကွက် ဘယ်လိုချဲ့ထွင်မလဲ?


2017 ခုနှစ်မှာ Douyin က tiktok ကို စတင်ဖန်တီးခဲ့ပြီး Youtube ကို ပြိုင်ဆိုင်ဖို့ထိ ရည်ရွယ်ခဲ့ပေမယ့် အဓိက ပြိုင်ဘက်ကတော့ snapchat ဖြစ်လာခဲ့ပါတယ်။ Tiktok အသုံးပြုသူ တိုးတတ်လာနှုန်းဟာ Instagram အသုံးပြုသူတိုးတတ်လာနှုန်းထပ် ၃ဆကျော် ပိုမြန်ပါတယ်။
ဒါလည်း Marketing ရှု့ထောင့်ကနေကြည့်မယ်ဆိုရင်ကောင်းတဲ့ Market တစ်ခုဖြစ်လာတာပါဘဲ။
အတိုးချုံ့​ပြောရရင် Tiktok အသုံးပြုသူအားလုံးရဲ့ 66%ဟာ
အသက် ၃၀အောက်တွေပါ ။ အများဆုံးက Gen Z တွေဖြစ်ပြီး မိန်းကလေးတွေဘဲ ဖြစ်ပါတယ် ။
Tiktok မှာ Business Marketing တစ်ခုစဖို့အတွက်
လိုအပ်တဲ့ အခြေခံအဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ် ။
=> Define your creative playground
ကျွန်တော်တို့ Website တွေ Facebook,Instagram တွေမှာ တင်သလို Tiktok မှာ တင်နေလို့မဖြစ်ပါဘူး ။ In-feed native video ဖြစ်လို့ အချိန်တိုအတွင်း ထိရောက်တဲ့ information ပေးနိင်မယ့် short video များစွာကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ။
Audiencesနဲ့ ထိတွေဖို့ အခြား social media platform တွေထပ် အခွင့်ရေးပိုများပါတယ် ။
=> Use Suitable Hashtags
Tiktok ဟာ hashtag campaign ပြုလုပ်ဖို့ ကောင်းတဲ့ Platform တစ်ခုပါ ။သင့် Brand နဲ့ ကိုက်ညီမယ့် သင့်လျော်တဲ့ hashtag, Video နဲ့ ကိုက်ညီမယ့် hashtag ကို ရွေးချယ်အသုံးပြုပါ။ Rach ပိုရဖို့ နဲ့ follower အသစ်တွေ ရဖို့အတွက်ပါ။
=> Follow Current TikTok Trends
လက်ရှိ အတင်များနေတဲ့ Trends တွေကိုက်ညီမယ့် brand video တွေကို ဖန်တီးပါ
=> Comment Regularly and Encourage Comments
Tiktok လဲ အခြား social website တွေလိုပါဘဲ ၊ မကြာခဏ engage လုပ်လေ့ရှိတဲ့ Video တွေကို ပိုပြပေးပါတယ်။ ဒါကြောင့် သင့် Video တွေကို comment မကြာခဏ ရေးပေးဖို့လိုပါလိမ့်မယ်။
=> Post Often
တစ်နေ့ကို video ပေါင်း 1.3millions တင်နေတဲ့ tiktok မှာ သင် တစ်ရက်ကို Video ဘနှခု တင်ဖို့ စိတ်ကူးထားပါသလဲ
=> Clear Descriptions
အခြား Social Media မှာ ရေးသလို သွယ်ဝိုက်ပြီး ရေးစရာမလိုပါဘူး ။ ဆိုလိုရင်းကို တိုက်ရိုက်ရေးတာ ပိုကောင်းပါတယ်။ သင့် website ကို redirect လုပ်ပေးခြင်းဖြင့် website visitor များရယူနိုင်ပါသေးတယ်
=> Develop content play
ကိုယ့် Video ကို Action တစ်ခု ရဖို့အတွက် creative ဖြစ်အောင် လုပ်ဆောင်သင့်ပါတယ် ။ Tiktok မှာ ပြင်ဆင်ထားတဲ့ Video တင်ခြင်းထက် normal play video ​တွေကို user ​တွေပို စိတ်ဝင်စားပါတယ် ။Promote လုပ်မှာ ဖြစ်တဲ့အတွက် tiktok privacy ကိုတော့ ဂရုစိုက်သင့်ပါတယ်။
=> Advertise with Influencers
Tiktok တင်ပေးလိုက်လို့ နာမည်ကြီးသွားတဲ့ သူတွေ မြန်မာနိင်ငံမှာတင်မဟုတ်ဘဲ တကမ္ဘာလုံးမှာရှိပါတယ်။ ဒါကြောင့် သင့် Brand တစ်ခုကို Influencer တွေ အသုံးပြုပြီး ကြေငြာခြင်းဟာ ထိရောက်မှု အရှိဆုံးပါဘဲ ။
=> Support with paid formats
ကျွန်တော်တို့ Business အတွက် tiktok သုံးပြီဆိုကတည်းက Promote လုပ်မှ ဖြစ်မှာပါ ။ တခြား social platform တွေထပ် အားသာချက်က Audiences တွေက သင် brand ကို ပိုမိုအာရုံစိုက်စေပြီး မှတ်မိလွယ်စေပါတယ်။
ဒီလောက်ဆို Tiktok မှာ Business run မယ့်သူတွေ အတွက် အတော်သင့် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Digital Box - Digital Marketing Service
Phone - 09785026269
digitalboxmm@yahoo.com
Tiktok Marketing Tiktok Marketing Reviewed by Digital BOX on 8:10 PM Rating: 5

No comments:

Powered by Blogger.